Artwork: Jack Forbes

လူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု – ပြည်တွင်းမငြိမ်သက်မှု

လူစုလူဝေးအကြမ်းဖက်မှုနှင့် လူအုပ်စုဖွဲ့ရမ်းကားမှုအကြောင်း သတင်းပို့ခြင်းသည် အန္တရာယ်ရှိနိုင်ပြီး၊  နှစ်စဉ်နှစ်တိုင်း သတင်းထောက်များသည် ထိုအဖြစ်အပျက်များကို သတင်းယူရာတွင် ထိခိုက်ဒဏ်ရာရရှိကြ သည်။ အန္တရာယ်ကိုလျှော့ချရန်အတွက် သတင်းစာနယ်ဇင်းသမားများသည် အောက်ပါ လုံခြုံမှုဆိုင်ရာ အကြံဉာဏ်များကို စဉ်းစားသင့်သည်။ တာဝန်ပေးအပ်ခံရခြင်း အတွက် ကြိုတင်ပြင်ဆင်ခြင်း လူစုလူဝေးနေရာများကို မည်သူတက်ရောက်မည်နှင့် ထိုသူတို့၏ မီဒီယာအပေါ် ထားရှိနိုင်သော သဘောထားကိုသိရှိအောင်လုပ်ပါ။ (ဥပမာ- အစွန်းရောက်အုပ်စုများ၊ တန်ပြန် ဆန္ဒပြသူများ၊ လက်နက်ကိုင်ကြပ်မတ်သူများ ၊လုံထိန်းရဲများ)  သင်ရောက်ရှိနေသော တည်နေရာအပြင်အဆင် အနေအထားကို လေ့လာပြီး နားလည် အောင်ပြုလုပ်ပါ။ အမှတ်အသားများနှင့် အဓိကထွက်ပေါက်လမ်းကြောင်းများကို သတ်မှတ်ထားပါ။ အရေးပေါ်အခြေအနေတွင် မည်သို့လုပ်ဆောင်ရမည်၊ မည်သည့်နေရာသို့ ထွက်ခွာမည်ကို ကြိုတင် ပြင်ဆင်ထားပါ။ ညမှောင်မိုက်ချိန်တွင်အလုပ်လုပ်ခြင်းသည် အန္တရာယ်ရှိနိုင်၍ မည်သည့်အခြေအနေတွင်မဆို ရှောင်ရှားသင့်သည်။ တစ်ညလုံး နေရမည်ဖြစ်ပါက၊  ဆူပူမှုအန္တရာယ်ရှိနိုင်ခြေရှိသောနေရာများမှ လုံခြုံသော အကွာအဝေးရှိသည့်…

Read More ›

ဖမ်းဆီးထိန်းသိမ်းခံရအခြေအနေတွင် သင်ကိုယ်တိုင်နှင့်

သင့်ဒီဂျစ်တယ် ကိရိယာ လုံခြုံရေး လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အဂတိလိုက်စားမှု သို့မဟုတ် ပြည်တွင်းမငြိမ်သက်မှုများကဲ့သို့သော အဖြစ်အပျက်များကို သတင်းမှတ်တမ်းယူခြင်းကြောင့်  အထူးသဖြင့် အာဏာရှင်အစိုးရအုပ်ချုပ်သော နိုင်ငံများ သို့မဟုတ် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်အများအပြား အသုံးပြုလေ့ရှိသောနိုင်ငံများတွင် သင့်အနေဖြင့် ဖမ်းဆီးချုပ် နှောင်ခြင်းကို ပိုမိုခံရနိုင်ဖွယ်ရှိသည်။ အာဏာပိုင်များနှင့်ရင်ဆိုင်ရသောအခါ ၎င်းတို့၏အမိန့်များသည် တရားနည်းလမ်းကျ မဟုတ်သော် လည်း သူတို့၏ အမိန့်များကိုလိုက်နာခြင်းသည်  သင်၏ လုံခြုံမှုကိုအကာအကွယ်ပေးရန်အတွက် ယေဘုယျ အားဖြင့် ဘေးကင်းစေပါသည်။ သတင်းသမားများသည် မိမိကိုယ်ကို ပိုမိုကောင်းမွန်စွာကာကွယ်နိုင်ရန်အတွက်  အောက်ဖေါ်ပြပါ ဒီဂျစ်တယ်နှင့် မိမိ၏ လူပုဂ္ဂိုလ်ဆိုင်ရာ(ရုပ်ပိုင်းဆိုင်ရာ)လုံခြုံရေးအတွက် အကြံဉာဏ်များကို စဉ်းစားသင့်သည်။ ဒီဂျစ်တယ်လုံခြုံရေး အကြံဉာဏ် ဖမ်းဆီးခံရနိုင်ဖွယ်မတိုင်မီ  သင်၏ ဒီဂျစ်တယ်ကိရိယာ/ပစ္စည်းများ (Devices)နှင့် စုဆောင်းသိမ်းဆည်း ထားသောအချက်အလက်များ (Data) ကို ထိန်းသိမ်းခြင်း  သို့မဟုတ် ကြိုတင်ကာကွယ်ခြင်းသည်  သင်၏…

Read More ›

Artwork: Jack Forbes

ဒစ်ဂျစ်တယ်လုံခြုံမှုလက်စွဲ

စာနယ်ဇင်းသတင်းသမားများသည် ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏ အဆက်အသွယ်အရင်းအမြစ်များ ကို ခြိမ်းခြောက်အန္တရာယ်ပေးခြင်းမှ ကာကွယ်ထားနိုင်ရန်အတွက်  Hacking (တစ်ပါးသူ၏ကွန်ပျူတာမှ အချက်အလက်များကို ရယူနှောက်ယှက်ခြင်း)၊ Phishing (အစစ်ကဲ့သို့ဟန်ဆောင်၍ မသမာမှုပြုလုပ်ခြင်း) နှင့် Surveillance (စောင့်ကြည့်ခြင်း) စသည်တို့နှင့်ပတ်သက်သည့်  နောက်ဆုံးပေါ် ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ သတင်းများကို အချိန်နှင့်တပြေးညီ အမြဲတမ်းရယူနေရမည်။  စာနယ်ဇင်းသတင်းသမားများသည် မိမိတာဝန် ခံရသည့် သတင်းအချက်အလက်များကို ကာကွယ်ရမည်ဟုမှတ်ယူကာ  မှားယွင်းသောသူများလက်တွင်းသို့  မရောက်ရှိစေရန်အတွက် မိမိ၏ အကောင့်များ၊ ပစ္စည်းကိရိယာများ၊ ဆက်သွယ်ရေးနှင့် အွန်လိုင်းသုံးစွဲမှုများကို အကာအကွယ်ပြုလုပ်ထားသင့်သည်။ မာတိကာ (၁)       သင့်အကောင့်များကို ကာကွယ်ပါ  (Protect Your Accounts) (၂)        အစစ်ကဲ့သို့ဟန်ဆောင်၍  မသမာမှုပြုလုပ်ခြင်း (Phishing) (၃)       ပစ္စည်းကိရိယာလုံခြုံရေး (Device Security) (၄)       သင်္ကေတစာဝှက်လုံခြုံရေးစနစ်ရှိသော ဆက်သွယ်ရေး (Encrypted…

Read More ›

Artwork: Jack Forbes

အခြေခံ ပြင်ဆင်ခြင်း: ဘေးအန္တရာယ် အကဲဖြတ်မှု

ဖြည့်စွက်- ဩဂုတ် (၂၇) ရက်၊ ၂၀၂၀ စာနယ်ဇင်းသမားများရဲ့ ဆုံးဖြတ်ချက်ဟာ ဂွင်ထဲမှာ သူတို့၏ လုံခြုံရေးနှင့် အခြားသူများကို တိုက်ရိုက်သက်ရောက်စေပါတယ်။ စစ်ပွဲ၊ နိုင်ငံရေးအုံကြွမှုနှင့် ရာဇဝတ်မှုများကို ဖုံးကွယ်ရာတွင် ပါဝင်သည့် စွန့်စားရမှုများကို မရှောင်လွှဲနိုင်ပါ။ စာဖြင့် ရေးထားသည့် စွန့်စား အကဲဖြတ် မှုများသည် စာနယ်ဇင်း  သမားတစ်ဦး ကြုံလာ ရနိုင်တဲ့ အန္တရာယ်များကို မှတ်တမ်း တင်ထားသင့်ပြီး၊ အဲ့ဒီ စွန့်စားမှုတွေကို ဘယ်လို လျော့ချ မည်ကို အကဲဖြတ်ရန်နှင့် အရေးပေါ် အစီအမံ တစ်ခု ပါသင့် ပါတယ်။ မှန်မှန်ကန်ကန် ဆောင်ရွက်ပြီးပါက အန္တရာယ် အကဲဖြတ်မှုသည် တစ်စုံတစ်ရာ မှားယွင်း နေပါက စာနယ်ဇင်း သမားသာ မက သူ၏ သတ်မှတ်ထားသော အကူအတွက်ပါ အသုံးကျပါတယ်။ အန္တရာယ်ရှိသော တာဝန်ဝတ္တရားများကို အကဲဖြတ်ခြင်းနှင့် ပြင်ဆင်မှုများကို မကြာမကြာ လုပ်သင့် ပါတယ်။ အကဲဖြတ်မှု တစ်ခုစီဟာ အခြေအနေ တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျ ဖြစ်သင့်ပါတယ်။ ဖော်ထုတ်ရန် အန္တရာယ်များမှာ- ပဋိပက္ခနယ်မြေမှ စစ်မြေပြင်အန္တရာယ်များ၊ လက်နက်ငယ်ပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲခြင်း၊ အမြောက်ပစ်ခတ်မှု၊ မြေမြှုပ်မိုင်းများ၊ ထောင်မိုင်းနဲ့ မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်များ။ စာနယ်ဇင်းသမားများကို ဦးတည်ပစ်မှတ်ထားသည့် အကြမ်းဖက်သမားများ၊ ဓားစာခံများ၊ ယာဉ်ဖြင့်တိုက်ခိုက်ခြင်း၊ ဓားဖြင့်တိုက်ခိုက်ခြင်း၊ သေနတ်သမားများ၊ အသေခံဗုံးခွဲခြင်းစသည့် အကြမ်းဖက်တိုက်ခိုက်မှုများ။ ဓားစာခံရွေးဖို့ သို့မဟုတ် နိုင်ငံရေးရည်မှန်းချက်အတွက် ပြန်ပေးဆွဲခြင်း။ လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှု၊ လူအုပ်ဖြင့်တိုက်ခိုက်ခြင်း၊ ရေနွေးအိုး၊ ရာဘာကျည်ဆံ၊ ဒုံးကျည်၊ မျက်ရည်ယိုဗုံးအပါအဝင် လူအုပ်ဖယိုဖရဲဖြစ်ခြင်း။ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှု၊ အသေးအဖွဲရာဇဝတ်မှု။ အချက်အလက်လုံခြုံရေး အပါအဝင် သတင်းရင်းမြစ်ကာကွယ်ရေးနှင့် ဒီဂျစ်တယ်လ် လုံခြုံရေး။ အစိုးရ (သို့) အစိုးရမဟုတ်သော သရုပ်ဆောင်များကို ခြိမ်းခြောက်ခြင်း။ သတင်းသမားများကိုရေရှည် ခြိမ်းခြောက်ခြင်း၊ သတင်းရင်းမြစ်များ၊ ထောက်ပံ့သူများ၊ ဒေသခံဝန်ထမ်းများ (ပြုပြင်သူများ၊ ယာဉ်မောင်းများ) ကို ခြိမ်းခြောက်ခြင်း။ ကာကွယ်ဆေးထိုးခြင်း (သို့) သဘာဝဘေးကဲ့သို့ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးအချက်အလက်များ။ အန္တရာယ်အကဲဖြတ်မှုကို ထည့်သွင်းစဉ်းစားခြင်း အဖွဲ့ရဲ့ ဆေးဘက်ဆိုင်ရာစွမ်းရည်။ သီးခြားထိရောက်တဲ့ လေ့ကျင့်မှု၊ သင့်လျော်ခေတ်မီသော ပတ်ဝန်းကျင်နှင့် ရှေးဦးသူနာပြုသင်တန်းများဟာအလွန်အရေးပါပါတယ်။ ကြိုတင်သဘောတူ (သို့) ဆိုက်ရောက် သဘောတူထားသော ရှင်းလင်းပြီး အသေးစိတ်ကျသောမြေပုံနှင့်အစီအမံ။ အသုံးအဆောင်များ၊ တကိုယ်ရေသုံးကာကွယ်ရေး အသုံးအဆောင်များ။ ရှင်းလင်းသင့်တင့်သော အမည်စာရင်းသွင်းမှု၊ ဆက်သား၊ အရေးပေါ်ခေါ်ဆိုမှု အပါအဝင် အခြေခိုင်သော ဆက်သွယ်ရေးအဆောက်အဦ။ ဆွေမျိုးနီးစပ် (သို့) ဆက်သားနှင့် မူကို မျှဝေသင့်သည်။ အန္တရာယ်အဆင့်နှင့်ကိုက်ညီသော သင့်တင့်သည့်အသက်အာမခံရှိရမည်။ အပိုဆောင်းသတင်း အချက်အလက်များ အတွက် CPJ ရဲ့ အရင်းအမြစ် စင်တာသို့ ဝင်ကြည့်ပါ။

Read More ›