201

2 results

ဖမ်းဆီးထိန်းသိမ်းခံရအခြေအနေတွင် သင်ကိုယ်တိုင်နှင့်

သင့်ဒီဂျစ်တယ် ကိရိယာ လုံခြုံရေး လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အဂတိလိုက်စားမှု သို့မဟုတ် ပြည်တွင်းမငြိမ်သက်မှုများကဲ့သို့သော အဖြစ်အပျက်များကို သတင်းမှတ်တမ်းယူခြင်းကြောင့်  အထူးသဖြင့် အာဏာရှင်အစိုးရအုပ်ချုပ်သော နိုင်ငံများ သို့မဟုတ် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်အများအပြား အသုံးပြုလေ့ရှိသောနိုင်ငံများတွင် သင့်အနေဖြင့် ဖမ်းဆီးချုပ် နှောင်ခြင်းကို ပိုမိုခံရနိုင်ဖွယ်ရှိသည်။ အာဏာပိုင်များနှင့်ရင်ဆိုင်ရသောအခါ ၎င်းတို့၏အမိန့်များသည် တရားနည်းလမ်းကျ မဟုတ်သော် လည်း သူတို့၏ အမိန့်များကိုလိုက်နာခြင်းသည်  သင်၏ လုံခြုံမှုကိုအကာအကွယ်ပေးရန်အတွက် ယေဘုယျ အားဖြင့် ဘေးကင်းစေပါသည်။ သတင်းသမားများသည် မိမိကိုယ်ကို ပိုမိုကောင်းမွန်စွာကာကွယ်နိုင်ရန်အတွက်  အောက်ဖေါ်ပြပါ ဒီဂျစ်တယ်နှင့် မိမိ၏ လူပုဂ္ဂိုလ်ဆိုင်ရာ(ရုပ်ပိုင်းဆိုင်ရာ)လုံခြုံရေးအတွက် အကြံဉာဏ်များကို စဉ်းစားသင့်သည်။ ဒီဂျစ်တယ်လုံခြုံရေး အကြံဉာဏ် ဖမ်းဆီးခံရနိုင်ဖွယ်မတိုင်မီ  သင်၏ ဒီဂျစ်တယ်ကိရိယာ/ပစ္စည်းများ (Devices)နှင့် စုဆောင်းသိမ်းဆည်း ထားသောအချက်အလက်များ (Data) ကို ထိန်းသိမ်းခြင်း  သို့မဟုတ် ကြိုတင်ကာကွယ်ခြင်းသည်  သင်၏…

Read More ›

Artwork: Jack Forbes

ဒစ်ဂျစ်တယ်လုံခြုံမှုလက်စွဲ

စာနယ်ဇင်းသတင်းသမားများသည် ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏ အဆက်အသွယ်အရင်းအမြစ်များ ကို ခြိမ်းခြောက်အန္တရာယ်ပေးခြင်းမှ ကာကွယ်ထားနိုင်ရန်အတွက်  Hacking (တစ်ပါးသူ၏ကွန်ပျူတာမှ အချက်အလက်များကို ရယူနှောက်ယှက်ခြင်း)၊ Phishing (အစစ်ကဲ့သို့ဟန်ဆောင်၍ မသမာမှုပြုလုပ်ခြင်း) နှင့် Surveillance (စောင့်ကြည့်ခြင်း) စသည်တို့နှင့်ပတ်သက်သည့်  နောက်ဆုံးပေါ် ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ သတင်းများကို အချိန်နှင့်တပြေးညီ အမြဲတမ်းရယူနေရမည်။  စာနယ်ဇင်းသတင်းသမားများသည် မိမိတာဝန် ခံရသည့် သတင်းအချက်အလက်များကို ကာကွယ်ရမည်ဟုမှတ်ယူကာ  မှားယွင်းသောသူများလက်တွင်းသို့  မရောက်ရှိစေရန်အတွက် မိမိ၏ အကောင့်များ၊ ပစ္စည်းကိရိယာများ၊ ဆက်သွယ်ရေးနှင့် အွန်လိုင်းသုံးစွဲမှုများကို အကာအကွယ်ပြုလုပ်ထားသင့်သည်။ မာတိကာ (၁)       သင့်အကောင့်များကို ကာကွယ်ပါ  (Protect Your Accounts) (၂)        အစစ်ကဲ့သို့ဟန်ဆောင်၍  မသမာမှုပြုလုပ်ခြင်း (Phishing) (၃)       ပစ္စည်းကိရိယာလုံခြုံရေး (Device Security) (၄)       သင်္ကေတစာဝှက်လုံခြုံရေးစနစ်ရှိသော ဆက်သွယ်ရေး (Encrypted…

Read More ›