internet shutdown

1 results

Artwork: Jack Forbes

လူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု – ပြည်တွင်းမငြိမ်သက်မှု

လူစုလူဝေးအကြမ်းဖက်မှုနှင့် လူအုပ်စုဖွဲ့ရမ်းကားမှုအကြောင်း သတင်းပို့ခြင်းသည် အန္တရာယ်ရှိနိုင်ပြီး၊  နှစ်စဉ်နှစ်တိုင်း သတင်းထောက်များသည် ထိုအဖြစ်အပျက်များကို သတင်းယူရာတွင် ထိခိုက်ဒဏ်ရာရရှိကြ သည်။ အန္တရာယ်ကိုလျှော့ချရန်အတွက် သတင်းစာနယ်ဇင်းသမားများသည် အောက်ပါ လုံခြုံမှုဆိုင်ရာ အကြံဉာဏ်များကို စဉ်းစားသင့်သည်။ တာဝန်ပေးအပ်ခံရခြင်း အတွက် ကြိုတင်ပြင်ဆင်ခြင်း လူစုလူဝေးနေရာများကို မည်သူတက်ရောက်မည်နှင့် ထိုသူတို့၏ မီဒီယာအပေါ် ထားရှိနိုင်သော သဘောထားကိုသိရှိအောင်လုပ်ပါ။ (ဥပမာ- အစွန်းရောက်အုပ်စုများ၊ တန်ပြန် ဆန္ဒပြသူများ၊ လက်နက်ကိုင်ကြပ်မတ်သူများ ၊လုံထိန်းရဲများ)  သင်ရောက်ရှိနေသော တည်နေရာအပြင်အဆင် အနေအထားကို လေ့လာပြီး နားလည် အောင်ပြုလုပ်ပါ။ အမှတ်အသားများနှင့် အဓိကထွက်ပေါက်လမ်းကြောင်းများကို သတ်မှတ်ထားပါ။ အရေးပေါ်အခြေအနေတွင် မည်သို့လုပ်ဆောင်ရမည်၊ မည်သည့်နေရာသို့ ထွက်ခွာမည်ကို ကြိုတင် ပြင်ဆင်ထားပါ။ ညမှောင်မိုက်ချိန်တွင်အလုပ်လုပ်ခြင်းသည် အန္တရာယ်ရှိနိုင်၍ မည်သည့်အခြေအနေတွင်မဆို ရှောင်ရှားသင့်သည်။ တစ်ညလုံး နေရမည်ဖြစ်ပါက၊  ဆူပူမှုအန္တရာယ်ရှိနိုင်ခြေရှိသောနေရာများမှ လုံခြုံသော အကွာအဝေးရှိသည့်…

Read More ›